Thursday, August 18, 2011

မ ပြော ချင် တော့ ပါ ဘူး

 
 
မ  ပြော  ချင်  တော့  ပါ  ဘူး



မ ပြော ချင် တော့ ပါ ဘူး
အ လ ကား ရ တဲ့ အိပ် မက် ထဲ မှာ တောင်
တစ် ခါ မှ လူ ဖြစ် ရ ကျိုး မ နပ် ခဲ့ ရှာ ဘူး
စိတ် ကူး တွေ ဆို တာ က လည်း
ခေါင်း နဲ့ လွတ် တယ် ဆို  ရုံ လေး ။



မ ပြော ချင် တော့ ပါ ဘူး
ရင် ဘတ် ထဲ က မျက် ရည် အ တု တွေ နဲ့
နွေ ခေါင် ခေါင် ရွာ ချ မိ ပါ တယ်
ဟေ တီ င လျင် အ ကြောင်း
ဝတ် ကျေ တန်း ကျေ လေး တောင် မ သိ ခဲ့ ရှာ ဘူး ။




မ ပြော ချင် တော့ ပါ ဘူး
ကံ ကြ မ္မာ လက် မှတ် တစ် စောင် မ ဖြတ် ၀ံ့ တဲ့ ကောင်
ကိုယ့် ကို ကိုယ် ကာ ကွယ် ဖို့  ဘယ် ဖုံး နံ ပါတ် ကို နှိပ် ရ မလဲ
မ သ မာ မှု ပါ မှ အ ပြစ် မ ဟုတ် ဘူး
နေ့ ခင်း ကြောင် တောင်  ထ ထ ပြီး ယောင် ပြန် ပြီ ။




မ ပြော ချင် တော့ ပါ ဘူး
ဥ တု အ လွတ် တစ် ခု အိပ် ကပ် ထဲ ထိုး သိပ်
စိတ် တွေ တွန့် လိမ် နေ တော ကို ဆန့် ဆန့် လေး ဖြစ် အောင်
မီး ပူ ပြန် ထိုး
အ စာ မ ရှိ တဲ့ မျှား ချိတ် နဲ့
ဘ ဝ ကို ပြန် မျှား ကြည့် ဦး မလား ။





မ ပြော ချင် တော့ ပါ ဘူး
ရေး ချ လိုက် တဲ့ စာ ကား လုံး  တွေ   က  ရေ ငတ် နေ တဲ့ သစ် ပင် လို
ခြောက် တိ ခြောက် ကပ် ကြီး
ငါ သိ ထား တာ ကို က
မ ပြော ချင် တော့ ပါ ဘူး ။




မ ပြော ချင် တော့ ပါ ဘူး
အ မှား ပြင် ဆင် ချက်  ပြန် လုပ် ဦး မှာ တဲ့
မ ပြော ချင် တော့ ပါ ဘူး
တ ကယ် ပါ
ကျွန် တော် ဘာ မှ ကို မ ပြော ချင် တော့ ပါ ဘူး ။



အမည်မဲ့

1 comment:

  1. မပြောချင်တဲ့ ကဗျာလေး လာဖတ်သွားပါတယ်...

    ReplyDelete